26.4 C
Yangon

အင်းတော်မြို့နယ်ရှိ ဆေးခန်းတစ်ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သူနာပြု ဦးအေးမောင် ကွယ်လွန်

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ဆေးခန်းတစ်ခုကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သူနာပြု ဦးအေးမောင် ကွယ်လွန်ခဲ့ကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဧပြီအတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အသက် ၆၁ နှစ်အရွယ် သူနာပြု ဦးအေးမောင်သည် ဒေသတိုင်းရင်းသား ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သူနာပြု ဦးအေးမောင် သည် မေလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဦးအေးမာင် ကွယ်လွန်ခဲ့ရသည့်အတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရ‌ကြောင်း၊မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် အသက်‌၊ ခန္ဓာနှင့် ဘဝများ ပုံအပ်၍ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသည့်၊ တိုက်ပွဲဝင်လျက်ရှိကြသည့် အာဇာနည်သူရဲကောင်းများကို တိုင်တည်၍ ကတိသစ္စာပြုကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article