27 C
Yangon

မိုးညှင်းမြို့နယ်၊ စနွင်းကုန်းရွာ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေ

Must read

ရန်ကုန်၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်၊ စနွင်းကုန်းရွာအနီးတဝိုက်တွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်အရှေ့ဘက်ခြမ်း ၊ အင်းတော်ကြီး-ဝှေခါ – ဖားကန့်လမ်းပိုင်း၊ နမ့်မွန်း -မနားခေါ်လမ်းပိုင်းရှိ စနွင်းကုန်းကျေးရွာအနီး၌ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ SNA ပြည်သူ့စစ်တို့ ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်းတော်ကြီးကန်အရှေ့ဘက်ခြမ်း၊ စနွင်းကုန်းရွာအကျော်မှာ တိုက်ပွဲဖြစ်နေတာ၊ ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာပဲ အဲဒီနေရာနားတဝိုက်ကို ဂျက်ဖိုက်တာ တစ်စီးနဲ့လာပစ်သွားတာရှိတယ်။ ဒီရက် ပိုင်း အင်းတော်ကြီးကန်အရှေ့ နမ့်မွန်း -မနားခေါလမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့ စစ် ၊အရှင်ဖမ်းမိတာတွေရှိတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်းများတယ်။ အဲဘက် တိုက် ပွဲဖြစ်နေတာကလည်း တစ်လကျော်ပြီ။ သူတို့က ဖားကန့်တက်လာတဲ့ စစ်ကြောင်းပဲ၊ အင်အားက လည်းများတယ်။ တစ်လခွဲကျော်တဲ့အထိ စနွင်းကုန်းအကျော်ပဲ ရှိသေးတာ။ KIA ၊ KPDF တွေနဲ့တိုက် ပွဲတောက်လျှောက်ဖြစ်နေတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖားကန့်မြို့သို့ အင်အား ၄၀၀ ခန့်ဖြင့် ချီတက်နေခြင်းဖြစ်ပြီး ၁ လခွဲကျော် ကြာသည်အထိ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ချေမှုန်း တိုက်ခိုက်မှုကို ခုခံနေရခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်းတွင်လည်း အကြမ်းဖက် စစ်သားနှင့် SNA ပြည်သူ့စစ်များကို အရှင်း ဖမ်းမိထားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိမှုများရှိကြောင်း သိရသည်။

“အဲဒီဘက်စစ်ကြောင်းက နန့်ယားဘက်နေ တိုးလာတဲ့ စစ်ကြောင်းထက် စောတယ်၊ ဒါပေမယ့် အဲဒီ ဘက်တိုးလို့မရသေးဘူး။ စနွင်းကုန်းနည်းနည်းပဲ ကျော်သေးတာ။ အဲဒီဘက်မှာလည်း လေ ကြောင်းနဲ့ တိုက်တာက တောက်လျှောက်ရှိတယ်။ အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းပိုင်းစစ်ကြောင်းရယ်၊ ကာ မိုင်း-နန့်ယား-ဖာကန့်လမ်းပိုင်းဆိုပြီး စစ် ကြောင်းနှစ်ကြောင်းတပြိုင်တည်းထိုးတာ၊ အဲဒီအင်းတော် ကြီးဘက်အဖွဲ့တွေက ကာမိုင်းဘက်က စစ်ကြောင်းထက်စောတယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ် မှ မရောက်သေးဘူး” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ထို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်အတူ ကာမိုင်း -နန့်ယား-ဖားကန့်လမ်းပိုင်းမှ စစ်တပ် စစ်ကြောင်းသည် ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေကာ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article