ဒီကနေ့ ဇွန် ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တယ်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှောင်လွဲနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နာရေးအိမ် ပေါ်ကို ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦးပါဝင်တဲ့ မိသားစုဝင် ၅ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံး ခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးအိမ်ရာကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ဦး သေဆုံးခဲ့တယ်လို့ Saw Dragon Drone Force – SDDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
