ဒီကနေ့ ဇွန် ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရန်ကုန်မြို့က အလုံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည် ဆောက်ရေး တိုးချဲ့ဖို့ဆိုပြီး စောရန်ပိုင် အနောက်ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ စစ်တပ်ကမွေးထားတဲ့ ပျူစောထီးတွေကြား မကျေလည်မှုတွေ ဖြစ်နေတဲ့အချိန် ပဲခူးတိုင်းက သဲကုန်းမြို့နယ်မှာ ပျူစောထီး မျိုးအောင် ဆိုသူကို လုံခြုံရေး တာဝန်ချိန်နောက်ကျမှုနဲ့ စစ်ကောင်စီတပ်သားတွေက အပြစ်ပေးရိုက်နှက်ရာကနေ လက်လွန်ပြီး သေသွားပြီလို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက ရဲတပ်ကြပ် ကျော်မင်းရန် ဆိုသူဟာ သူ့ရဲ့ မိသားစုပါ တခါတည်းခေါ်ချလာပြီး လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာတဲ့ သတင်း အပါအဝင် နေ့လယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
