ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ လုံခြုံရေးဘန်ကာအတွင်းမှ ထွက်လာသော စစ်သားတချို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ အမှတ် ၃ လမ်း နှင့် အမှတ် ၇ လမ်းဆုံ ရှိ စစ်တပ် ဘန်ကာကင်းတစ်ခုကို ပစ်မှတ်ထား၍ အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးလဲကျသေဆုံးသွားကြောင်း သိရသည်။
“အဝေးထိန်းမိုင်း ၂ လုံးအသုံးပြုခဲ့ပါတယ်။ တစ်လုံးပဲ ကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။ ကျန်တစ် လုံးကပေါက်ကွဲအား နည်းသွားခဲ့ပါတယ်။ စခအစောင့် ၃ ယောက် အပြင်ထွက်လာတဲ့ချိန် ခွဲလိုက် တာ၊ တစ်ဦးထိပြီး လဲကျသွားပါတယ်။ နောက်ဆက်တွဲမြေပြင်အခြေအနေ ဆက်လက်စုံစမ်းနေဆဲပါ။ ရဲဘော်များအားလုံးဘေးကင်းလုံခြုံပါပြီ” ဟု Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) မှ မြို့ပြပြောက်ကျားရဲဘော်များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းကြောင်း၊ ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက် စစ် တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ဓာတ်ပုံ- ရန်ကုန်မှ စစ်တပ် လုံခြုံရေးဘန်ကာတစ်ခု။
