25 C
Yangon

သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ် ၈ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ် ၈ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Ramonya Column (ရာမညစစ်ကြောင်း) က ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် သံဖြူဇရပ်-ရေး ပြည်ထောင်စု အမှတ် ၈ လမ်းပိုင်းရှိ ကုန်းမြင့်သာယာနှင့် ကလိုင်ပဒေါကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန် တပ်တော် နှင့် ရာမညစစ်ကြောင်းတို့ က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ပွဲကြောင့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ၍ ပြည်သူများ နေထိုင်ရာ ဒေသ အနီး၀န်းကျင်တွင် စစ်ရေး သတင်းများကို နားစွင့် သတိရှိကြရန်နှင့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း အန္တာရာယ်ကို သတိရှိနေထိုင်ကြရန် Ramonya Column (ရာမညစစ်ကြောင်း) က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article