ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် မိုးဗြဲမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း MBPDF လင်းယုန်တပ်ခွဲ-ထောက်ပို့အဖွဲ့က ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ ညနေ ၂ နာရီ ဝန်းကျင်အချိန်ခန့်တွင် မိုးဗြဲမြို့ အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ထိမှန်ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးနေခြင်းကြောင့် ပြည်သူများအနေဖြင့် အရေးကြီး ကိစ္စများရှိမှသာ ကျေးရွာအတွင်းကို ဝင်ရောက်ကြရန် MBPDF လင်းယုန်တပ်ခွဲ-ထောက်ပို့အဖွဲ့က တိုက်တွန်းထားသည်။


