30.1 C
Yangon

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ

Must read

ရန်ကုန်၊ ဇွန် ၁၅

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀-ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက ဦးစီးကျင်းပသည့် ဆန္ဒပြပွဲနှင့် ချီတက်ပွဲသို့ အဖွဲ့အစည်းအသီးသီးမှ အင်အား ၃၀၀ ခန့် လာရောက်ကြပြီး ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ပန်းခြံမှ မြောင်ဒုံဘူတာအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်၍ တော်လှန်ရေးစကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားကာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သော နိုင်ငံသားများသို့ မေတ္တာရပ်ခံစာကို NLD-OC ကိုရီးယားဌာနခွဲက ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article