26 C
Yangon

မြိုင်မြို့နယ်၊ သန်းနုတောရွာ စာသင်ကျောင်းအနီးကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

Must read

ရန်ကုန်၊ ဇွန် ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မြိုင်မြို့ အနောက်မြောက်ဘက်ရှိ သန်းနုတောရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ် လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သန်းနုတောရွာမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ မှာ စိုးရိမ်ရကြောင်း၊ ထို့ပြင် နွား ၂ ကောင်လည်း သေဆုံးခဲ့ပြီး လူနေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပခုက္ကူ တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်သွားတာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၂ ဦးကတော့ စိုးရိမ်ရတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article