26 C
Yangon

ဗန်းမောက်မြို့နယ်ရှိ စစ်တပ် လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force Katha District B-04 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သား ၁ ဦးသည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ကသာခရိုင် အမှတ် ၄ တပ်ရင်းသို့ အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။

ထို အလင်းဝင်ရောက်လာသော SNA တပ်သား ၁ ဦးသည် M 23 သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ငွေကျပ်သိန်း ၁၅၀ ကို ကသာခရိုင်တပ်ရင်း ၄ ၊ ဗန်းမောက်မြို့နယ် ဌာနဆိုင်ရာများ နှင့် ထောက်ပို့ ပြည်သူများမှ ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

“သူကအရှေ့တန်းစစ်မြေပြင်က ဝင်ရောက်လာတာပါ။ နောက်ထပ်ဝင်လာမယ်သူရှိရင်လည်း ကျနော်တို့ page မှာဆက်သွယ်လာဖို့ပြောချင်ပါတယ်။ နွေးထွေးစွာလည်းကြိုနေပါတယ်လို့ အလင်းဝင်လာတဲ့ဘယ်ရဲဘော်မဆို သတ်ဖြတ်တာတွေမရှိပါဘူးလို့ ပြောချင်ပါတယ် ဘာလို့လည်းဆိုတော့ သူတို့ဘက်တွေမှာအက်လိုတွေဝါဒဖြန်ထားတွေကြားလို့ပါ”ဟု People’s Defence Force Katha District B-04 မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလိုသော ရဲဘော်များကို ကသာခရိုင်အမှတ် ၄ တပ်ရင်းမှ ကြိုဆိုလျက်ရှိကြောင်း People’s Defence Force Katha District B-04 မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article