26 C
Yangon

ကျောက်ကြီး၊ အုန်းပင်စုရွာတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၅

ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း P29914 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် အထိုင်ချတပ်စွဲထားသော အင်အား ၃၀ ကျော်ခန့်ရှိ အကြမ်း စစ်ကောင်စီများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အုန်းပင်စုကျေးရွာကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို ထိတွေ့တိုက်ပွဲ အတွင်း နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G3 ကျည် – ၅၈၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ RPG ပို့ယမ်း ၁၁ ခု၊ RPG အသီး ၉ လုံး၊ MA ခွင်းဗုံး ၇ လုံး၊ RPG 7 ၁ လက်၊ MA11 ၁ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ၁၄ မိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ MA ကျည်ဘောက် ၃ ဘောက်၊ မိုင်းရှာစက် ၁ လုံး စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးသေတာ ထပ်တိုး မရှိပါဘူး။ စစ်ခွေးအရှင်ဖမ်းမိတာမျိုး မရှိပါဘူး။ ကျွန်တော်တို့တပ်ရင်းအနေနဲ့ ရန်သူကို ရန်သူလိုပဲ ဆက်ဆံပြီး အဆုံးထိသွားပါ” ဟု အထူးကွန်မန်ဒိုတပ်ရင်း -P29914- မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အထူးကွန်မန်ဒိုတပ်ရင်း(P29914)၊ knlaရင်း၈၊ရင်း၉၊အာဋ္ဌာဝကစစ်ကြောင်း၊၃၇၀၂တပ်ရင်း၊ရန်ကုန်ပကဖ၊ဧရာဝတီပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article