28 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ကန်နီပျူစောထီးရွာ၌ ကင်းစောင့်နေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်းပျူစောထီး ၁ ဦး ကျည်ထိမှန်ခဲ့ပြီး ထိုထိခိုက်ဒဏ်ရာကြောင့် ဇွန်လ ၁၃ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကန်နီပျူစောထီးရွာကို ဇွန်လ ၇ ရက်နေ့က စတင်ပြီး ပြောက်ကျားစနစ်နဲ့ စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ။ အဲလို စောင့်ဆိုင်းနေတုန်း ၁၀ ရက်နေ့မှာ ပျူစောထီး ၁ ကောင်ကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်။ အပစ်ခံရတဲ့ ပျူစောထီးက ထိခိုက်ဒဏ်ရာတွေကြောင့် ၁၃ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပျောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂) ၊ မုံရွာခရိုင်တပ်ရင်း(၂၅)တပ်ခွဲ(၂)Sniperအဖွဲ့၊အညာမြေပျောက်ကျားတပ်ဖွဲ့မြို့နယ်ပကဖနှင့် လျှပ်စီး ပျောက်ကျားတပ်ဖွဲ့မြို့နယ်ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article