26.6 C
Yangon

စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်းမှူး စလင်း ပကဖ ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်းမှူး အလင်းဝင်ရောက်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စလင်းမြို့နယ် တညောင်တိုက်နယ် စခန်းမှူး အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသော ဒု-ရဲမှူး ၁ ဦး သည် အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ စလင်းမြို့နယ် ပကဖ ထံ ချိတ်ဆက်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်သော‌ ဒု-ရဲမှူးသည် စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ် ဇွန်လ အစောပိုင်းတွင် တညောင်တိုက်နယ်စခန်းမှူးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဓိကတော့ လက်နက်ခဲယမ်းများနှင့် အလင်းဝင်ရောက်ပြီး ထိုက်သင့်တဲ့ဆုကြေးငွေရယူခါ ပြည်သူ့လူထုဘက်ကနေ ရပ်တည်ပြီး စစ်အာဏာရှင်ကိုတော်လှန်ပေးကျဖို့ ကျန်ရှိတဲ့ စစ်တပ်သား၊ ရဲတပ်သားများကို နှိုးဆေယ်ချင်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စလင်းမြို့နယ်အတွင်းကျန်ရှိနေပါသော စစ်ကောင်စီ လက်ခံ စစ်တပ်သားများနှင့် ရဲတပ်များအနေဖြင့်လည်း ပြည်သူနှင့်အတူပူးပေါင်းပါဝင်ပြီး လက်နက်ခဲယမ်းများဖြင့်အလင်းဝင်ရောက်ပြီး ထိုက်တန်သော ဆုကြေးငွေများရယူခါ စစ်အာဏာရှင်ကို တော်လှန်ပေးကြရန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး နှိုးဆော်အပ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article