28 C
Yangon

ထီးလင်းမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အရှေ့တောင်ခြမ်း ပုံတောင်တောင်ပေါ်တစ်နေရာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ထီးလင်းမြို့နယ် အရှေ့တောင်ခြမ်း ပုံတောင်‌ တောင်ပေါ် တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာ သော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ တစ်လုံးထဲချသွားတာပါ။ ရွာထဲကျဲချတာမဟုတ်တဲ့အတွက် ထိခိုက် ပျက် စီး မှုခြေအနေတော့ မသိရသေးပါဘူး။” ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တဲကြီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆီမီးခုံသတင်းအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက် ည ၈ နာရီခန်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တဲကြီးကျေးရွာကို စစ် တပ်က လေကြောင်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ ရွာပြင်သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှု မရှိခဲ့သော်လည်း ကျန်တစ်လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေထိုင် ရာကျေးရွာ၊ ဘုန်း ကြီးကျောင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း ရန် ကာကွယ်နိုင်ရေး အထူးဂရုပြုနေထိုင်ပေးကြရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထား သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article