စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုကဦးဆောင်၍ ဇွန် ၁၉ ပန်းသပိတ်တွင်ပူပေါင်းပါဝင်ကြရန် ယနေ့ဇွန်လ ၁၇ ရက်နေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်ပြီး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။။
အဆိုပါသပိတ်ကို “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် သပိတ်ထွက်ရှိခဲ့ကြခြင်း ဖြစ်သည်။


