ယင်းမာပင်မြို့နယ်အတွင်း လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့်အတူလူငယ်များပူးပေါင်းကာ လူထုခေါင်းဆောင်အမေ ဒေါ်အေောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျေးရွာ ၉ ရွာ၊ ၁၄မိုင်ခန့် မာရသွန်ပြေးခဲ့ကြကြောင်း သိရှိရသည်။
မာရသွန်ပြေးပွဲနှင့်အတူ ကျေးရွာများရှိပြည်သူများကို လူထုနိုင်ငံရေးတရားဟောပြောခြင်း၊ သွေးသစ္စာသီချင်းသံပြိုင်သီဆိုခြင်း၊ လူထုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများ ကျန်းမာလွတ်မြောက်ရေး ဆုတောင်းပေးပြီး အပြာရောင်အင်္ကျီပေါ်တွင် “Freedom Form fear”၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ တပြည်လုံးလွတ်ရေးအတွက်ဆက်ရုန်းကြ” စာသားများရိုက်နှိပ်ဝတ်ဆင်ခဲ့ကြကြောင်း သိရှိရသည်။


