ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့နယ်ခန်းမကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာ ပြည်သူကာကွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့နယ်ခန်းမ တို့ကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် ဘေးလွတ်ရာမှရှောင်ရှား သွားလာကြရန် ပြည်သူကာကွယ်ရေး မြောက်ဥက္ကလာမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်ကိုလည်း လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း THE BLOODLINE အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်ရှိ မြို့မရဲစခန်းကို THE BLOODLINE အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီးသွားလာနေထိုင်ခြင်း မပြုလုပ်ရန် THE BLOODLINE အဖွဲ့က အသိပေး ပြောဆိုထားသည်။

