ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားရာ Takadanobaba တွင် အမေဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
မတရားဖမ်းဆီးအကျဉ်းချခဲ့နေရသည့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ရန်၊ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ရန် မွေးနေ့ဆုတောင်းခဲ့ကြကြောင်း၊မွေးနေ့ ဆုတောင်းပွဲကို မြန်မာ့အရေး အားပေးကူညီသည့် ဂျပန်လူမျိုးများ ၊ ဖြတ်သွားဖြတ်လာ ဂျပန်လူမျိုးများပါ ပါဝင်ဆုတောင်းပေးကြကြောင်း သိရှိရသည်။


