27.4 C
Yangon

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် စစ်တပ်၏ ၆၀၃ တပ်ရင်း မှ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ၆၀၃ တပ်ရင်းမှ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Kenni Twilight Zone မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၇ရက်နေ့ နံနက် ၈နာရီဝန်းကျင်ခန့်တွင် တောင်ငူ-လိပ်သို လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ၆၀၃ တပ်ရင်း မှ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁၁ စီးပါ ယာဉ်တန်းကို ထုံးဘိုကြီး ကျေးရွာအထွက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ ကား ၁ စီး မှာ ထိုးဝါးချောင်းရွာအနီး တိမ်းမှောက်ခဲ့ပြီး ယာဉ်တန်းအတွက်လမ်းကင်းလုံခြုံရေးယူပေးနေသော စစ်ကောင်စီ တပ်သားများနှင့် ထိုးဝါးချောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော အင်အား၄၀ ကျော်ရှိ စစ်ကောင်စီ တပ်သားများကိုပါ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်းသေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၅.၅၆ ကျည် ၅၀၀၊ လက်ပစ်ဗုံး ၃လုံး၊ MA ကျည်ဘောက် ၄ ခု နှင့် ၁၄ မိုင်း ၄ လုံးကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“ခွေးသေတာထက်တိုးမရှိပါဘူး။ စစ်ခွေးတွေဘက် ပြန်လည်ပစ်ခတ်ပါတယ်။ ထိုးဝါးချောင်းရွာထဲကနေအထိုင်ချတဲ့ခွေးတွေ ပစ်နေတာပါ။ ခုလက်ရှိမှာထိုးဝါးချောင်ရွာထဲမှာခွေးတေမရှိပါ။ တောင်ငူလိပ်သိုလ် အသုံးပြုသွားလာနေသောပြည်သူများအနေဖြင့် သတိထားသွားလာကြရန်နှင့် ကျနော်တို့လက်နက်ခဲယမ်းလိုအပ်ချက်များရှိနေသောကြောင့်ကူပေးကြပါရန်ပဲပြောချင်ပါတယ်”ဟု Kenni Twilight Zone မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ(၂)တပ်ရင်း(၅)လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင် ၃၅၀၂ တပ်ခွဲ(၁)/(၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article