26.8 C
Yangon

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကင်းပုန်းယူပေးနေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ပွဲချင်းပြီး သေဆုံး

Must read

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကင်းပုန်းယူပေးနေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၀

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကင်းပုန်းယူပေးနေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၀ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ် ရွှေကျင်-သံဆိပ် ကားလမ်းပိုင်း၌ အကြမ်းဖက် စစ်ကြောင်းသည် ရှမ်းရွာဂိတ်မှစ၍ အင်္ဂနီရုံးတိုင်းရွာများအထိ ကားလမ်း တစ်လျောက် လမ်းကင်းယူ၍ ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အင်္ဂနီ ရုံးတိုင်း ကျေးရွာ ကားလမ်းဘေးတွင် ကင်းပုန်းဝပ်၍ လုံခြုံရေး ယူပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သားများကင ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“လမ်းပေါ်က သွားတာက အင်အားရာချီတယ်။ အခုပစ်တာက လမ်းကင်းယူထားတဲ့အဖွဲ့ကိုပစ်တာ ရတဲ့နည်းနဲ့ချမှာပဲ အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၃ ကောင်သေတယ်”ဟု Fire Dragon စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article