27.4 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိထားတဲ့ ဓာတ်ပုံတွေကို PLA တပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး မဟာမိတ်တပ်တွေနဲ့အတူ PLA တပ်ဖွဲ့ အမျိုးသမီးရဲဘော်တွေပါ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ PLA ကနေ သတင်းထုတ်ပြန်လာပါတယ်။

-ပဲခူးတိုင်းက တောင်ငူ-လိပ်သို လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကာင်စီတပ်ရဲ့ ၆၀၃ တပ်ရင်းက ရိက္ခာပို့ပြီး ပြန်လာတဲ့ ကားတန်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကား ၁ စီးဟာ လမ်းဘေးကို ထိုးကျပြီးတော့ တိမ်းမှောက်သွားတဲ့အပြင် စစ်ကောင်စီတပ်သား ၅ ဦးလည်း အသီးသီး သေကုန်ကြပြီး မသာအလောင်းနဲ့ လက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိထားတယ်လို့ Kenni Twilight Zone တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူတွေမှာ အသက်အငယ်ဆုံး ၄ နှစ်ကနေ အသက်အကြီးဆုံး ၈၄ နှစ်အရွယ် ပြည်သူတွေအထိ ပါဝင်နေတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article