28.5 C
Yangon

တအာင်းပြည်တွင် ပြုလုပ်သည့် BPLA အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော် အပါအဝင် တော်လှန်ခေါင်းဆောင်များတက်ရောက်

Must read

ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်တွင် ပြုလုပ်သည့် BPLA အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်း ဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် အပါအဝင် တော်လှန်ခေါင်းဆောင်များတက်ရောက်ကြကြောင်း BPLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၇ ရက်နေ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည် ၁ နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်း အခမ်းအနားသို NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူး ၁ ဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မဟာမိတ်ခေါင်းဆောင်များက တော်လှန်ရေးအောင်မြင်ရန် မတူညီသော အင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်း၊ မိမိတို့ ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မည်ဖြစ်ကြောင်း အဓိကထားပြောကြားကြသည်ဟု သိရှိရသည်။

ထို့ ပြင် သင်တန်းဆင်းရဲဘော်များကို လက်နက်များပေးအပ်တပ်ဆင်ပြီး အမှတ် ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်းတိုးချဲ့ဖွဲစည်းနိုင်ခဲ့သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article