28.5 C
Yangon

နောင်ချိုမြိုနယ်၊ ကျေးရွာ ၇ ခုတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အဆိပ်ငွေ့ဗုံးများကို စစ်တပ်က အသုံးပြုတိုက်ခိုက်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်၊ ကျေးရွာ ၇ ခုတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း TNLA က ယနေ့ သတင်းထုတ်ပြန်သည်။

TNLA က သိမ်းပိုက်ထားသော နောင်ချိုမြိုနယ်၊ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနှင့် ဆမ္မဆယ်‌ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLA တို့အကြား တိုများ က်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး ၁၄၄ လုံး နှင့် ဒရုန်း ဗုံး ၃၁ လုံးတို့ကို ကျဲချခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် နောင်ချိုမြို့နယ်၊ ပိန္နဲကုန်းနှင့် ဉာဏ်တော‌ကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီးစစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ နံနက် ၈ နာရီ ၃၂ မိနစ်အချိန် သရက်ကုန်းကျေးရွာနှင့် ကန်ကြီးကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ လက်ပန်ကုန်း‌ကျေးရွာနှင့် လိုင်ဝဲကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရွှေသွန်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်ဘက်မှ လက်နက်ကြီး ၅၃ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၁၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုအပြင် ဆမ္မဆယ်ကျေးရွာ နှင့် အုမ္မသီးကျေးရွာတွင်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို ထိတွေ့ တိုက်ပွဲဆက် လက်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းအချိန် ရေမောင်းတန်းနှင့်ရွှေညောင်ပင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း စစ်တပ်က တိုက်ပွဲများအတွင်း လက်နက်ကြီးများအပြင် အဆိပ်လငွေ့ဗုံး များကိုပါအသုံးပြုခဲ့သည်ဟု TNLA က ပြောဆိုသည်။

စစ်ကောင်စီက ဇွန်လ ၁ လလုံး အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်သို့ အပြင်းအထန် ထိုးစစ်ဗနကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အပစ်ရပ်ကြေညာခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်က ၎င်း၏ အပစ်ရပ်ကြေညာမှုကို ချိုးဖောက်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article