မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း TGYR-ပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၂ မိနစ်ခန့်မှ စတင်ပြီး ဆုံရွာပျူစောထီးရွာကို TGYR-တပ်ဖွဲ့မှ Drone ဖြင့် 1Kg ဗုံးသီး ၄ လုံး အပါအဝင် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များကလည်း ၆၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၍ ပျူသစာထီး ကျေးရွာ အော်ဟစ် သံများနှင့် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်သံများ ကြားရကြောင်း သိရှိရသည်။
တော်လှန်ရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ပျူစောထီး ၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ဆီမီးခုံမြို့ရှိ အကြမ်းဖက် စစ်တပ်သို့ ပြောင်းလဲ၍ ဆေးကုနေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ ပြောက်ကျားတပ်ဖွဲ့ မှ TGYR-Drone Teams နှင့် နယ်စီးမခြား လက်နက်ကြီးတပ်ဖွဲ့ နှင့် မြောက်ပိုင်းသား တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
