25.3 C
Yangon

အမေရိကန်က အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လာ၊ အမေရိကန်သမ္မတ ထရမ့်က နိုင်ငံကို မိန့်ခွန်းပြောမည်

Must read

ရန်ကုန်၊ ဇွန် ၂၂

အမေရိကန်ပြည်ထောင်စုက အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လိုက်သည်။

ယနေ့ မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက်နေ့( အမေရိကန်စံတော်ချိန် ဇွန်လ ၂၁ ရက်နေ့)တွင် အမေရိကန်က အီရန်နိုင်ငံ၊ Fordow၊ Natanz နှင့် Isfahan တို့ရှိ နျူကလီးယား စက်ရုံများကို အမေရိကန်ဗုံးကျဲလေယာဉ်များဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ တိုက်ခိုက်မှုမှာ အလွန်အောင်မြင်ပြီး လေယာဉ်အားလုံး ယခုအခါ အီရန်လေပိုင်နက်မှ ထွက်သွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့်က ကြေညာသည်။

“Fordow၊ Natanz နဲ့ Esfahan အပါအဝင် အီရန်မှာရှိတဲ့ နျူကလီးယားနေရာ ၃ နေရာကို ကျနော်တို့ အောင်မြင်စွာ တိုက်ခိုက်မှုကို ပြီးမြောက်ခဲ့ပြီးပါပြီ။ လေယာဉ်အားလုံးဟာ အခု အီရန်လေကြောင်းရဲ့ ပြင်ပမှာ ရှိနေပါပြီ

ဗုံးအပြည့်တင်ထားပြီးတော့ Fordow ပေါ်ကို ကျဲချလိုက်ပါတယ်။ လေယာဉ်အားလုံး ဘေးကင်းစွာ အိမ်ပြန်နိုင်ပါပြီ။ ကျနော်တို့ရဲ့ အမေရိကန် စစ်သည်တော်များအတွက် ဂုဏ်ယူပါတယ်။ ဒါကို စွမ်းဆောင်နိုင်တဲ့ ကမ္ဘာပေါ်မှာ တခြားစစ်တပ် မရှိပါဘူး။ အခုချိန်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အချိန်ရောက်ပါပြီ” ဟု အမေရိကန်သမ္မတထရမ့်က ကြေညာသည်။

အီရန်- အစ္စရေးစစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုက တရားဝင် ပါဝင်လာခြင်းကြောင့် စစ်ပွဲကြာရှည်ခြင်းနှင့် အီရန်ဘက်မှလည်း အခြားစစ်အင်အားကြီး နိုင်ငံကြီးများ ပါဝင်လာနိုင်သည်ဆိုသော သုံးသပ်မှုများကိုလည်း နိုင်ငံတကာ သတင်းဌာနများတွင် ကျယ်ပြန့်စွာ သုံးသပ်ဖော်ပြနေကြသည်။

အမေရိကန်စံတော်ချိန် ယနေ့ ည ၁၀ နာရီအချိန် အမေရိကန်သမ္မတ ထရမ့်က နိုင်ငံသို့ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။

Former U.S. President Donald Trump speaks at the Conservative Political Action Conference (CPAC) in Orlando, Florida, U.S. February 28, 2021. REUTERS/Octavio Jones
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article