30.5 C
Yangon

မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၃ ရွာ ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သားအဖ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သားအဖ ၂ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ မြင်းခြံ မြို့နယ်၊ မြင်းခြံ -ဆီမီးခုံ လမ်းပိုင်းရှိ မရိုးကုန်း ကျေးရွာ၊ ရွာရှည်ကျေးရွာနှင့် ကျားတိုင်းကျေး ရွာ တို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲချခဲ့ရာ မရိုးတုန်းကျေးရွာနေ အသက် ၈၀ အ ရွယ် ဦးပေါငြိမ်းနှင့် သမီးအသက် ၄၀ ခန့်အရွယ် မခင်မိုးဆွေတို့သေဆုံးခဲ့ကြောင်း သိရ သည်။

ထို့အပြင် ကျေးရွာနေပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှာ အခြေနေ စိုးရိမ်ရကြောင်းနှင့် နွား ၂ ကောင်လည်း သေဆုံးပြီး နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“မရိုးကုန်းရွာကတော့ အထိအတော်နာတယ် ။ ရွာအလည်တည့်တည့်ကို ကျဲချသွားတာ။ သေဆုံး သူ ၂ ဦး ရှိတယ်။ သေဆုံးသူတွေက ဦးကျော်ငြိမ်း အသက် ၈၀ နဲ့ သူရဲ့ သမီး မခင်မိုးဆွေ အသက် ၄၀ နီး ပါး သားဖနှစ်ဦး သေတယ်။ အိမ် ၅ လုံး လည်း ပျက်စီးတယ်။ နွား ၂ ကောင်သေတယ်။လူ ၉ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေထဲက၂ ယောက်ကတော့ အခြေအနေ အတော်ဆိုးတယ်။ ရွာ ရှည်၊ ကျားတိုင်း ဘက်မှာကတော့ အထိခိုက်မရှိဘူးလို့ သိရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများကို ခိုင်ခိုင်မာမာတူးထား ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက မေတ္တာရပ်ခံတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article