26.1 C
Yangon

ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ အခမ်းအနား ကျင်းပ

Must read

ရန်ကုန်၊ ဇွန် ၂၂

အမေရိကန်နိုင်ငံ မြောက်ပိုင်းကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာနေ မြန်မာပြည်နယ်ဖွား တိုင်းရင်းသားမိသားစုများအားလုံး စုပေါင်းပြီး Myanmar Community and Cultural Center တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ကို အကြောင်းပြု၍ Suu80 အထိမ်းအမှတ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြသည်။

မွေးနေ့ပွဲ အခန်းအနားတက်ရောက်လာသော ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်အောင် ဝိုင်းဝန်းမေတ္တာပို့ ဆုတောင်းခြင်း၊ မီးထွန်းခြင်း၊ အမှတ်တရစကားပြောခြင်း၊ ကလေးသူငယ်များမှ မွေးနေ့ကဗျာ ရွတ်ဆိုခြင်း၊ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းများပြုလုပ်ခဲ့ကြကာ ရရှိသော အလှူငွေများကို စစ်ပြေးစစ်ရှောင်သွေးချင်းများကို ကူညီလှူဒါန်းသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article