26.1 C
Yangon

နယူးယောက် Time Square တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်​၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲကျင်းပ

Must read

နယူးယောက်၊ ဇွန် ၂၁။

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ အစည်ကားဆုံးနေရာဖြစ်သော Time Square ရင်ပြင်တွင် နိုင်ငံတော် အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်​၏ အသက်၈၀ ပြည့် မွေးနေ့ဆုတောင်းပွဲနှင့် အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲကို ဒေသစံတော်ချိန် ဇွန်လ ၂၁ ရက်ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆုတောင်းပွဲတွင် ဘာသာကြီးလေးခုမှ ကိုယ်စားလှယ်များက ဆုတောင်းစကားများရွတ်ဆို ဆုတောင်းခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အမှတ်တရဂုဏ်ပြုစကားပြောကြားဂုဏ်ပြုပေးခဲ့ကြောင်း၊ တော်လှန်အဆိုတော်များဖြစ်သော ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နှင့် အခြားအဆိုရှင်များမှလည်း မွေးနေ့အမှတ်တရ သီချင်းများသီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။

Photo by KyawSoe Latt

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article