ဂျပန်နိုင်ငံ တိုကျိုမြို့ Ikebukuro ၏ Global Ring Theatre တွင် အသက် ၈၀ပြည့် အမေစုမွေးနေ့ အထိမ်းအမှတ်စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အစားအသောက်များဆိုင်များ ၊ အမေစုကျန်းမာရေး အခမဲ့စစ်ပေးတဲ့ Corner ၊ ကလေးများဆော့ကစားလို့ရတဲ့ Kids Corner ၊ အလုပ်သမားရေးရာ ပြသနာများတိုင်ပင်ဆွေးနွေးလို့ရသည့် Corner ၊ Exhibition of Daw Aung Suu Kyi ၊ မြန်မာ့ရိုးရာ သနပ်ခါး Corner တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရှိရသည်။
ဖျော်ဖြေရေး စတိတ်စင်တွင်လည်း အမေစုမွေးနေ့ဆုတောင်းများ ၊ မြန်မာ့ရိုးရာအငြိမ့်အကများ ၊တိုင်းရင်းသားအကများ ၊ တော်လှန်ရေးသီချင်းများ ၊ စိတ်ဓာတ်ခွန့်အားဖြစ်စေမည့် သီချင်းများ ၊ မြန်မာ့ရိုးရာဝတ်စုံဖြင့် လမ်းလျှောက်အလှပြခြင်း၊ ကဗျာရွတ်ဖတ်ခြင်းတို့ကို ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။


