26.4 C
Yangon

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်မိကာ ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်မိကာ ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းက ပြောဆိုသည်။

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူအဖြစ် ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလောင်း ၁ ဆောင်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း တပ်မ ၈၈ မှ ဒုတပ်ကြပ် ၁ ဦးကိုလည်း လက်ဝယ် ဖမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်သား ၁ ဦးလည်း လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ မတရားပေါ်တာဆွဲ ဖမ်းဆီးခံထားရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-1 သေနတ် ၁ လက် ၊ MA-3 သေနတ် ၁ လက် ၊ G-3 ကျည် ၉၂ တောင့် ၊ 5.56 ကျည် ၁၅၀၀ တောင့် ၊ M9 ၁၂ လုံး ၊ ၆၀ မမ ၈ လုံး ၊ ၆၀ မမ ဒေါက် ၁ ခု ၊ RPG အဖူး ၂ ဖူး ၊ RPG ပိုကျည် ၂ တောင့် ၊ နင်းမိုင်း ၁၄ လုံး ၊ လက်ပစ်ဗုံး ၁၁ လုံး ၊ Drone Shooter ၁ လက် ၊ ကျည်ဘောက် ၆ ဘောက် တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို 9/A Nyar Myae Operation အဖြစ် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ တံတားဦး ပကဖ တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article