26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်ကမှ ပြည်သူ့ဘဏ္ဏာတွေနဲ့ ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့ပဲ သူ့မိသားစုနဲ့အတူ ပြည်ပခရီးစဉ်အဖြစ် ဘယ်လာရုစ်နိုင်ငံကို ထပ်မံထွက်ကြဦး မှာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ဧရာ၀တီတိုင်းက ငါသိုင်းချောင်းမြိုနယ်အပိုင်အထိ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေ ရောက်လာပြီး စစ်ကောင်စီတပ်ကလည်း လက်ကြောင်းကရော လက်နက်ကြီးနဲ့ရော ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေဿခံပြည်သူတွက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်က ထူးကြီးမြို့ အမှတ် ၁ ရပ်ကွက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းရာမှာ ဗလာမပါပဲ အကုန်လုံးပေါက်မဲတွေဖြစ်နေပြီး အုပ်ကြီးရဲ့မိသာစုဆွေမျိုးတွေက စစ်မှုထမ်းစာရင်းထဲ မပါဘူးလို့ မဲနှိုက်ခဲ့ရတဲ့ လူငယ်တစ်ဦးကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article