26 C
Yangon

ကျောက်မဲမြို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၄

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၇ တွင်ကို အပစ်ရပ်ထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုကိုရည်ရွယ် ချက်ရှိရှိ ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် အတွင်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးလည် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သော နေ‌ရာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေး ပြောဆိုထားသည်။

“ကျောက်မဲမြို့ ဗလီ အရှေ့နဲ့ ၃ရပ်ကွက်ရုံးကနားကို ဗုံးသီး ၁ လုံးကျတယ်။ စံပြ ထမင်းဆိုင်ကိုလည်း ဗုံးသီး ၁ လုံးကျတာ ပြည်သူ ၄ ဦးသေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာရှိ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီတပ်က ဦးတည်၍ ဂျက်ဖိုက်တာဖြင့်ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် တစ်ချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article