26 C
Yangon

တံတားဦးမြို့နယ်မှ ငါန်းဇွန်မြို့နယ်ဘက်ကို ဖောကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှ ငါန်းဇွန်မြို့နယ်ဘက်ကို ဖောကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Special Task Force ngazun တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်ခန့်တွင် တံတားဦးမြို့နယ် ဂွေးကုန်းဂိတ်မှ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုံကို ဖောကားအဖြူဖြင့် ထွက်ခွာလာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှ ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်သားမသာ အလောင်းများနှင့် ဒဏ်ရာရသူများကို မြို့သာတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထပ်တိုးသေတာတော့ သတင်းမကြားသေးပါဘူး။ နေရာတွင် ၄ ကောင်သေတာပါ။ သေဆုံး ၄ ကောင် ဒဏ်ရာရ ၁၉ ကောင် အပြင်းထန်ဒဏ်ရာရ ၂ ကောင်ပါ။ ခွေးတွေဘက်က ပြန်လည်ပစ်ခတ်မှုရှိပါတယ်။ ကားပေါ်ကနေ ရမ်းသမ်း ပစ်ခတ်မှုရှိပါတယ်။ တံတားဦး-မြင်းခြံ-ငါန်းဇွန်-ဆီမီးခုံ-မြို့သာ-ဝက်လူး လမ်းပိုင်းကို ည ၈ နာရီ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်မေတ္တာရပ်ခံချင်ပါတယ်”ဟု Special Task Force ngazun မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်းတပ်ခွဲ(၃) ၊ မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်းတပ်ခွဲ(၂) နှင့် TGYR Youth Guerrilla Counter Revolution Ngazun အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article