မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ် မြို့သာ စက်မှုဇုန်မှ ကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဇုန်ထဲမှ စစ်ကောင်စီ တပ်သား ၅၀ ခန့်သည် ဂွေးကုန်း စစ်တပ် အထိုင်စခန်းကို Light truck ကား ၂ စီးဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား မသာ အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို မြို့သာ ဆေးရုံထဲကို ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားက ၅၀ လောက်ပါတယ်။ ဂွေးကုန်း စစ်ခွေး အထိုင်စခန်းဘက်ကို မောင်းနှင်လာသော Light truck ကား ၂ စီးနဲ့ မြိုသာနှင့် ဂွေးကုန်း အကြားမှာ ပေပါမိုင်း ၂ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၅ ကောင်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ် ၃ နဂါးနီ ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
