25.7 C
Yangon

ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ရွာ ဒိုးတန်းကုန်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ရွာ ဒိုးတန်းကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း 7 R a v e n s D r o n e F o r c e မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ ရေဖြူကန် ကျေးရွာ မြောက်ဘက်ရှိ ဒိုးတန်းကုန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် 2.5kg ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၁ ဦးမှာ ယာဘက်ခြေပြတ်တောက်ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ခန့်မှန်း အင်အားကတော့ ၅၀ လောက်ကတော့ အမြဲရှိတယ်။ ၅၀ ဆိုတာ ရေဖြူကန်ကို အထိုင်ချပြီး ပတ်လည် အကုန်နေရာယူထားတာကို ပြောတာပါ။ စစ်ခွေးသေစာရင်းကတော့ ထပ်တိုးသေတာ မရှိပါဘူး”ဟု 7 R a v e n s D r o n e F o r c e မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၆ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်း(၇)ကောင်တပ်ရင်းတို့က ကျော်စွာစစ်ဆင်ရေး အဖြစ် ပူးတွဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article