24.7 C
Yangon

ရွှေဘို၊ ဆိပ်ခွန်ရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၀၀ နှင့် ဆိုင်ကယ်ကို လုယူ သိမ်းဆည်းသွား

Must read

ရန်ကုန်၊ ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၀၀ နှင့် ဆိုင်ကယ်ကို လုယူ သိမ်းဆည်းသွားကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် စစ်တပ်ထားသော အကြမ်းဖက် စစ်တပ်ဂိတ်မှ စစ်ကောင်စီ တပ်သားများသည် ဆိုင်ကယ်စီးလာသည့် ခရီးသွား အမျိုးသား ၂ ဦးကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၀၀ ၊ ဖုန်း ၂ လုံး နှင့် ဆိုင်ကယ် တို့ကို လုယူ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခရီးသွား ပြည်သူ ၂ ဦးက ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်က ကံကြီးတောရွာကလို့ သိရတယ်။ ရွှေဘိုကနေ မုံရွာဘက်ကို အသွား ရွှေဘို-ဆိပ်ခွန်-မုံရွာ လမ်းဘေးမှာရှိတဲ့ ဆိပ်ခွန်ရွာ စစ်တပ် ဂိတ်ရှေ့ကို ဖြတ်သွားတုန်း ဆိုင်ကယ်ကို လူ ၂ ဦး စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ ၂ ဦးစလုံးကို လက်ပြန်ကြိုးတုတ် ဒူးထောက်ခိုင်းပြီး ဂိတ်ရှေ့ ပေလမ်းဘေးမှာ တစ်နေကုန် နေပူလှန်ပြီး ညနေ ၅ နာရီအချိန်လောက်ကျမှ ငါတို့က လူသတ်တဲ့ အဖွဲ့မဟုက်ဘူး။ မင်းတို့သွားကြတော့ ဆိုပြီး လွှတ်ပေးလိုက်တာ သိန်း ၃၀၀ ၊ ဆိုယ်ကယ်နဲ့ ဖုန်းတွေကိုတော့ ယူပြီး လူကိုပဲ ပြန်လွတ်လိုက်တယ်”ဟု ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ စစ်တပ် အထိုင်ဂိတ်ရှိ စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာ လမ်းဘေးတွင်တည်ရှိပြီး မြို့နယ်ပေါင်းများစွာမှ တစ်ရက်လျှင် ကားအစီရေ ထောင်ချီ ဖြတ်သွားနေပြီး ကားများထံမှ ကောက်ခံရရှိသည့် ငွေကျပ်သိန်းရာချီကျော်ကို အကြမ်းဖက် စစ်တပ်အတွက် ရှာဖွေပေးနေသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

ခရီးသွား ပြည်သူများအနေဖြင့် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းပိုင်းမှ ဒီပဲယင်း-အရာတော်-မုံရွာဘက်သို့ သွားမည်ဆိုပါက ဆိပ်ခွန်ရွာ အကြမ်းဖက် စစ်တပ် ဂိတ်ကို ရှောင်ရှားသွားလာကြရန် ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ဆက်လက်ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article