24.7 C
Yangon

ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်းAung San’s Land Natmauk – အောင်ဆန်းမြေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပျော်ဘွယ်မြို့နယ် ၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သား၊ ရဲ နှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အရာခံ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး ကျန် ရဲ ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA1 အမျိုးအစား သေနတ် ၃ လက်၊ ၅ . ၅၆ ကျည် ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အတင်းဓမ္မ ဆက်ကြေးကောက်ခံထားသော ငွေကျပ် ၁၈၀၅၀၀ သိန်း နှင့် ဖုန်း ၂ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မနက် ၈ နာရီလောက်ဝင်တိုက်တာ ရဲစခန်းနဲ့ နီးကပ်နေတာမို့ ၅ မိနစ် အတွင်း ၃ မိနစ်နဲ့ ပွဲ အပြီး အောင်မြင်အောင် ကနိုင်ခဲ့တာပါ။ စစ်ကူက ဘေး ၂ ဖက်က ရဲတွေရှိတယ်၊ ၅ မိနစ်လောက်ခရီးကို ၁ နာရီလောက်ကြာမှ ရောက်လာတာ၊ ကျနော်တို့က Local PDF ဖြစ်နေလို့ ပြည်သူတွေရဲ့ ထောက်ပံ့ မှုနဲ့ မစ်ရှင်ဖော်ဆောင်နေတာဖြစ်ပါတယ်။ ပြည်သူတွေ ဒီထက်ပိုမိုဖြည့်ပေးနိုင်မယ်ဆိုရင် ဒီထက်ပို လှတဲ့ ပွဲတွေ ကပေးနိုင်ပါတယ်။” ဟု Aung San’s Land Natmauk – အောင်ဆန်းမြေအဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Aung San’s Land Natmauk အောင်ဆန်းမြေအဖွဲ့မှ ခြေလျင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း ၊ နတ်မောက်မြို့နယ်အတွင်းရှိ စစ်သား၊ ရဲ၊ ပျူစောထီးများအနေဖြင့် အလင်းဝင် ရောက်ကြ ရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article