25.4 C
Yangon

မှော်ဘီမြို့မရဲစခန်းကို ယမန်နေ့ ညပိုင်း အဝေးထိန်းမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ဟုဆို

Must read

ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Yagon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မှော်ဘီမြို့မ ရဲစခန်းမှ အစောင့်ရဲများကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမ်းများပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

“ညကမစ်ရှင်လုပ်တဲ့အချိန်မှာ အစောင့် ရခ တစ်ယောက်တော့ ထိတယ်၊ နောက် ပိုင်းလမ်းတွေပိတ် တာ၊ စစ်ဆေးတာတွေ လုပ်တာရှိပါတယ်၊ အဝေးထိန်းမိုင်းကို လက်ပစ်မိုင်းကပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ပြင်းအားကတော့ တော်တော်ပြင်းပါတယ်၊ အသံလည်းအတော်ကျယ်တယ်။ ကျနော် တို့ရဲဘော်တွေအားလုံး အေးဆေးပါပဲ” ဟု Yagon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ပြောက်ကျားရဲဘော်များ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များကို ဆက်လက် ၍ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ ဒေါက်တိုင်များ အနီးသွားလာနေထိုင်ခြင်းမပြုကြပါရန် သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article