24.9 C
Yangon

ဆားလင်းကြီး၊ သရက်ကိုင်းရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ ၄ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် သရက်ကိုင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ပါရာမိုတာ ခေါ် စက်တပ် လေထီးဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီး ၂ စင်းနဲ့ ၉ နာရီဝန်းကျင်လောက်မှာ သရက်ကိုင်းရွာကို ကျဲချသွားတာ ပြည်သူ ၄ ဦးသေဆုံးတယ်။ ၄ ဦးလုံးကတော့ သရက်ကျေးရွာကပဲ။ အသက်အရွယ်ကတော့ ကျွန်တော်တို့ မသိရသေးဘူး။ မိန်းကလေး ၃ ဦးနဲ့ အမျိုးသား ၁ ဦးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ချင်းတွင်းမြစ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများ ပါဝင်သော စစ်ရေယာဉ် ၁၄ စီးပါ အုပ်စုသည် မြစ်ကြောင်းတလျှောက်တက်လာပြီး စစ်တပ်လေထီးများက လိုက်ပါဝန်းရံကာ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article