ဒီကနေ့ ဇွန် ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက နေပြည်တော်စစ်ဆင်ရေး အထူးအဖွဲ့ ရုံးစိုက်ရာ နေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီး သူမမှာ သွားနဲ့ နှလုံးရောဂါ ဆိုင်ရာ ဆက်စပ် ဝေဒနာတွေ ခံစားနေရပေမယ့် ဆေးကုသခွင့် အပြည့်အဝမပေးပဲ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ Myanmar Prison Witness ရဲ့ ဒုတိယပြန်ကြားရေးတာဝန်ခံ မဆူးငယ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေရာမှာ စစ်မှုထမ်းတပ်သားသစ်တွေကို မူးယစ်ဆေးတွေ ကျွေးပြီး အသေခံ တိုက်ခိုင်း နေသလို ၊ သူတို့စစ်တပ်ဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေကိုပါ တော်လှန်ရေးတပ်တွေက ကယ်ထုတ်ပေးနေရတယ်လို့ DPLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်းက နွားထိုးကြီးမြို့နယ်မှာ PDF ရဲဘော်တွေ အဖြစ် တာဝန်ထမ်းဆောင်ဖို့ဆိုပြီး ဝင်ရောက် လာတဲ့ အသက် မပြည့်သူ လူငယ် ၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီလူငယ်တွေရဲ့ မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံပေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
