ဒီကနေ့ ဇွန် ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီက ပြည်ပရောက် နွေဦးတော်လှန်ရေးထောက်ပို့တွေရဲ့ ဘဏ်စာရင်းတွေကို စုံစမ်းခိုင်းနေပြီး ပိတ်သိမ်းနိုင်ဖို့ကိုပါ ဆောင်ရွက်ဖို့ ညွန်ကြားလာပြန်တယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို အသိပေး ပြောဆိုလာပါတယ်။
– လျို့ဝှက်ပေါက်ကြားလာတဲ့အချက်အလက်တွေအရ လက်ရှိ အာဏာရှင် လူကာရှန်ဦးဆောင်တဲ့ ဘယ်လာရုစ်နိုင်ငံက မြန်မာ အကြမ်းဖက် စစ်အုပ်စုကို လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ရောင်း ချထားပြီး ၊ မြန်မာစစ်ဘက် ဝန်ထမ်းတွေကိုပါ လေ့ကျင့်သင်ကြားပေးနေတယ်လို့ Justice For Myanmar သတင်းထုတ်ပြန်လိုက်ပါတယ်။
– တနင်္သာရီမြို့နယ်က သိန်ခွန်းရွာအနီးတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်မယ်ဆိုပြီး စစ်ကြောင် းထိုး တာ တွေ လာလုပ်နေပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေယာဉ်ပစ်ကူနဲ့ပါ ဗုံးကျဲတိုက်ခိုက်နေရသလို အဲဒီလို ကျဲချလိုက်တဲ့ ဗုံးသီးတွေဟာ သူတို့စစ်သားတွေပေါ်ပြန်ပြီး ကျရောက်ပေါက်ကွဲတာတွေ ဖြစ်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
