30.6 C
Yangon

ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ၃ နေရာခွဲ၍ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) နှင့်အတူ မဟာမိတ်ညီနောင်များက ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီများ အထိနာပြီး စစ်သေင်္ဘောမှ ပစ်ကူးပေး တိုက်ခိုက်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဒီကောင်တွေက ၂၇ ရက်နေ့ ညနေမှာ ချင်းတွင်းတံတား ရှင်ဖြူရှင် တံတားမှာ အိပ်တာ ဧရာ၀တီကနေ တက်လာတဲ့ အကောင်တွေ ဖလပ် ၉ စီး စစ်င်္ဘော အကြီးက ၂ စီး အသေးက ၁ စီး တိုက်ပွဲကတော့ ဆားလင်းကြီး တစ်နေရာမှာ တိုက်ခိုက်တာပါ။ ၂ နာရီထိုးလောက်မှာ စတိုက်ခိုက်တာပါ။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ ၁ နာရီလောက်ကြာမယ်။ အစီးရေကလည်း များတာဆိုတော့။ ရှင်ဖြူရှင်တံတားမှာ အိပ်ပြီး မနက် ၆ နာရီလောက်မှာ အထက်ကို ဆန်တက်လာတာပါ။ ဆန်လာတော့ ပါရာမိုတာ ၂ စီးနဲ့ တက်လာပြီး သရက်ကိုင်းဘက်ကို ၂ လုံးချသွားတယ်။ ပြည်သူ ၄ ဦးသေဆုံးတယ်။ ဖလပ် ၁ စီးကလည်း မီးခိုးတွေကို မဲသွားတာ ပွိုင့် မိသွားတာတော့ ရှေ့ထွက်တို့ ဖူးထွက်တို့နဲ့ ပစ်တာဆိုတော့ပါ။ ရေကြောင်းဆိုတော့ စစ်ခွေးသေစာရင်းကတော့ ရှိနိုင်တယ်။ မဟာမိတ်အဖွဲ့တွေက အများကြီးနဲ့တိုက်ခိုက်တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ်ညီနောင်အဖွဲ့အစည်းများ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi) ၊ 5/Fighter Group Local PDF(Monywa) ၊ SOLO AUNG GYI(Salingyi) ၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(48) တပ်ရင်း (3)တပ်ခွဲ (3)Defender Of Our Motherland ၊ SPECIAL GUERILLA FORCE (MONYWA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) အနေဖြင့် ဆက်လက်၍ တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် အတွက် ပြည်တွင်း၊ ပြည်ပမှ ထောက်ပို့အဖွဲ့အစည်းများ အနေဖြင့်လည်း ကျည်တစ်တောင့်ဖိုးဖြစ်စေ ပါဝင်ထောက်ပို့ပေးကျပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ကိုဗိုက်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article