25.5 C
Yangon

မင်းလှတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်အချိန် မင်းလှမြို့နယ် စမ်းဘုတ်ရွာကို မီးရှို့ရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“စမ်းဘုတ်ရွာကို မီးရှို့ဖို့လာတဲ့ စစ်ခွေး ရှေ့ပြေး စစ်ကြောင်းနဲ့ ကျနော်တို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော်တွေနဲ့ ၂၄ ရက်နေ့ ညနေ ၆ နာရီလောက်က ထိတွေ့ တိုက်ပွဲဖြစ်ပွားတာပေါ့။ စစ်ခွေး ၂ ကောင်ကတော့ မျက်မြင်သေဆုံးပါတယ်” ဟု သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းက လက်နက်ကြီးများဖြင့် ကံသာယာကျေးရွာအတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ဦးနို့ဘူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း မင်းလှမြို့နယ်၊ ဖားလေးကွင်း(တောင်စု)ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အဘွားအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article