25.5 C
Yangon

ရေနံချောင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်အရာရှိ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၉

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်က ထောင်ထားသော မိုင်းနင်းမိ၍ စစ်အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force -Yenangyaung မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ ရေနံချောင်းမြို့နယ်အတွင်းသို့ ဂွေးကုန်းကျေးရွာ- ဝက်ချုပ်ရွာလမ်းမှ တစ်ဆင့် စစ်ကြောင်းထိုးလာကြောင်း၊ ထို့နောက် သရက်တောကျေးရွာတွင် ညအိပ်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်း ချိုင်းကျေးရွာသို့စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် PDF တပ်ဖွဲ့က ထောင်ထားသည့် မိုင်းများကို နင်းမိခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် စစ်တပ် စစ်ကြောင်းမှ အရာရှိ ၁ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ မိုင်းမိသွားသော စစ်တပ်စစ်ကြောင်းက ချိုင်းကျေးရွာအတွင်းသို့ ဝင်ရောက် ညအိပ်ကာကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားကြောင်း သိရှိရသည်။

“အရာရှိ ၁ ဦးသေဆုံးတာကတော့ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတာလည်း များပါတယ်။ စစ်ခွေးတွေက ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူသွားတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတော့ မရှိပါဘူး” ဟု People’s Defense Force -Yenangyaung မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

မိုင်းနင်းမိ၍ သေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲသော စစ်တပ် စစ်ကြောင်းမှာ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရေနံချောင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defense Force -Yenangyaung (YNG-PDF) ၊ Yenanthar Column၊Tamar Myay Special Column၊နှင့် အင်တောတိုက်နယ် (ပကဖ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ရှေ့တန်းတိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ဗိုလ်တစ်ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article