24.8 C
Yangon

စဉ့်ကူးမြို့ပေါ်ရှိ ကြံ့ဖွတ် ပါတီရုံးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ ကြံ့ဖွတ် ပါတီရုံးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် စဉ့်ကူးမြို့ပေါ်ရှိ ကြံ့ဖွတ်ပါတီရုံးကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသည့် MIG 29 ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ကြံ့ဖွတ်ပါတီရုံး အဆောက်အဦး ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူများ အထိအခိုက်မရှိကြောင်း သိရှိရသည်။

“စဉ့်ကူးမြို့ပေါ် ကြံ့ဖွတ် ပါတီရုံးကို အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ MIG 29 ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာ ကြံ့ဖွတ်ပါတီ ရုံးအဆောက်အဦးတစ်ခု ထိမှန်ပျက်စီးပြီး ပြည်သူ အထိအခိုက်မရှိပါဘူး” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် အတွက် ဗုံးခိုကျင်းများ တူးဖော်ထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article