စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်တောင်ဘုန်းကြီး ကျောင်း၌ တပ်စွဲထား သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင် ဘုန်း ကြီးကျောင်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကာ G3 အမျိုးအစားသေနတ် ၄ လက်၊ MA1 အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
“စကစ စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့ပါတယ်၊ အလောင်း ၄ လောင်းနဲ့ သုံ့ပန်း ၄ ဦးဖမ်းမိခဲ့တယ်၊ ကျန်တဲ့စခတွေအကုန်ထွက်ပြေးသွားတာပါ၊ မင်းကွန်းရဲစခန်းကနေ စစ်ကူတွေအများအပြား တက် လာရယ်၊ ဘုန်းကြီးကျောင်းဖြစ်နေတာရယ်ကြောင့် စခစခန်းကို မီးရှို့ရှင်းလင်းတာမျိုးမလုပ်ခဲ့ပါဘူး” ဟု ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် No More Dictatorship (NMD) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်

