28.8 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-နိုင်ငံတကာသဘောတူညီချက်စာချုပ်တွေအရ အသက် ၁၅ နှစ်အောက်ကလေးတွေ စစ်မှုထမ်းခိုင်းတာကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကြောင့် စစ်ကောင်စီက ကလေးတွေကို စစ်မှုထမ်းခိုင်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က စုံစမ်းစစ်ဆေးနေပြီလို့ IIMM က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က ကြံ့ဖွတ်ပါတီရုံးကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article