30.3 C
Yangon

ဘုတ်ပြင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ဆေးရေး ဂိတ်ကို လာရောက် တိုက်ခိုက်သော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဘုတ်ပြင်းဘက်မှ တက်လာပြီး ဘိုဒါးကျေးရွာတွင် အထိုင်ချနေသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် လေညာဘက်မှလာသည့် အင်အား ၄၀ ကျော်ပါ အကြမ်းဘက် စစ်ကောင်စီ တပ်သားများသည် ချောင်းမွန်ကျေးရွာနှင့် ဝါးဒင်းကျေးရွာ အကြားရှိ တော်လှန်ရေး ပူးပေါင်းအဖွဲ့၏ စစ်ဆေးရေးဂိတ်ကို နှစ်ဖက်ညှပ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဒုတိယအကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲ‌ဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှု ၂ ကြိမ်လုံးမှာ စစ်ခွေးတွေက ထိခိုက်သေဆုံးမှုရှိပါတယ်။ သေဆုံးမှု အရေအတွက်ကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၀၃) ၊ တပ်ခွဲ(၄) ၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ(၂) ၊ S.O.F တပ်ခွဲ(PDF)၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Flying Star Force နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူ ၁၀၁ မှထွက်လာခဲ့သည့် ရိက္ခာပို့ စစ်ကြောင်း နှင့် ကမ္မ ရဲစခန်းကို ရော့ကတ်တို့ဖြင့် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်အချိန် ပခုက္ကူ ၁၀၁ မှထွက်လာသည့် ရိက္ခာပို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် ကမ္မ ရဲစခန်းတို့ကို ရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ရဲစခန်းအတွင်း ရော့ကတ် ၂ လုံးကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ အရှေ့ဘက် ဘန်ကာတွင်လည်း ရော့ကတ် ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အထိနာသဖြင့် ၆၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်များ ဘေးကင်းကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ကလည်း ရော့ကတ်များဖြင့် စစ်တပ်ကို ၇ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ၊ ၂ ဦး ဒဏ်ရာရကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို နယ်ခံ ပကဖများ ကိုဆုံကြီး အဖွဲ့ PLC. အဖွဲ့ ဘာမထီ အဖွဲ့တို့က ပူးပေါင်းကလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ဓာတ်ပုံ- အညာဒေသမှ ပြည်သူ့ကာကွဝ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article