ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ နဲ့ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းလိုက်ပြီး စောချစ်သူနဲ့ သူ့ရဲ့ သားသမီး တွေအပါအဝင် စီးပွားရေးတာဝန်ခံကိုပါ အမည်ပျက်သူတွေအဖြစ် စစ်ကောင်စီက ပြန်ပြီး ကြေညာလိုက်ပါတယ်။
ဧရာ၀တီတိုင်းမှာ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ နဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အရှုံးနဲ့သာရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေကို မနိုင်တာနဲ့ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေပါမချန် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးထားတယ်လို့လည်း AYA – PDF အမှတ်၂၉ ဗျူဟာ က ပြောပါတယ်။
-အညာဒေသက တိုက်ပွဲတွေမှာ အရှုံးနဲ့သာရင်ဆိုင်နေရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ မကွေးတိုင်းက ပခုက္ကူမြို့နယ်မှာလည်း ပခုက္ကူ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ စစ်ကြောင်းနဲ့ ကမ်မ ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက ဝိုင်းဝန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေပါ ရှိထားတဲ့အကြောင်းကို သိထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
