25.3 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွာသာရွာ နှင့် သီးကုန်း-တေတောင်ကုန်းရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“၂ နာရီကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရဲဘော်တွေ အထိအခိုက်မရှိပါဘူး ပြန်လည် ဆုတ်ခွာနိုင်ပြီး စစ်ခွေး ၁၀ ကောင် မျက်မြင်သေဆုံးတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း၊ TGYR Youth Guerrilla Counter Revolution – Ngazun ညီနောင်မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article